|
“မြေးလေး၊ ဒီနေ့ ဘာနေ့တုန်း”
ဦးမ တစ်ယောက် ဆွဲလက်စ ခဲပန်းချီ ပုသိမ်ထီးလေးကို တုံ့ခနဲနေအောင်ရပ်၍ အဖိုးကို မော်ကြည့်လိုက်သည်။
“ဒီနေ့ ၁၂ရက်နေ့လေ အဖိုးရဲ့”
ထိုသို့ရေရွတ်ရင်း စိတ်ထဲမတော့ “အဖိုးဟာလေ ဘယ်တော့မှ ပြက္ခဒိန်ကို မကြည့်ဘူး။ ပြီးရင် ဟိုလူ့လိုက်မေး ဒီလူ့လိုက်မေးနဲ့” ဟု အပြစ်တင်နေမိသည်။
ဒါတောင် အဖိုးက မရပ်ပဲ ဆက်မေးသည်။ “ဘာ လ တုန်း မြေးရဲ့”
“လုပ်ပြီ... အဖိုးက”ဟု စိတ်ထဲ ငြီးတွားရင်း ဦးမ က “ဖေဖော်ဝါရီလ” ဟု ပြတ်တိပြတ်တောင်း ပြန်ဖြေလိုက်သည်။ နောက်ပြီး စိတ်ထဲတွင် ကျလိကျလိဖြစ်လာသည့်ဒဏ်ကို မခံနိုင်သည်နှင့် “အဖိုးကလေ... ပြက္ခဒိန်လေး လှမ်းကြည့်လိုက်ရင် ဖြစ်ရဲ့သားနဲ့ တချိန်လုံးမေးစမ်းနေတော့တာပဲ” လို့ စောဒကတက်လိုက်သည်။
|
|
Read more...
|